Main menu

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအ‌ဝေး ကျင်းပပြုလုပ်ခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့၊ နေ့လယ် (၁၃း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာကော်မတီ၏ (၂/၂၀၂၅) ကြိမ်မြောက် အစည်းအ‌ဝေးကို  တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူ ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်  ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးရာ ဝန်ကြီး၊ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ အဖွဲ့ဝင်များဖြစ်သည့် တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်းတို့မှ ကော်မတီအဖွင့်ဝင် ၉ ဦး၊ အထူးဖိတ်ကြားထားသူများဖြစ်သည့် တိုင်းဒေသကြီး အသေး စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန များမှ တက်ရောက်ခဲ့ပါသည်။

     အဆိုပါ အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးမှ အဖွင့်အမှာစကား ပြော ကြားခဲ့ပြီး စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးမှ (၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးမှ အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက် ထားရှိမှု အခြေအနေနှင့် လုပ်ငန်းဆောင်ရွက်နိုင်ခဲ့မှု မှတ်တမ်းဓာတ်ပုံများ၊ (၄/၂၀၂၅) ကြိမ်မြောက် တွင် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမှာစာများအား Power Point Presentation ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။

      ဆက်လက်၍ ကော်မတီ အဖွဲ့ဝင်များမှ လိုအပ်သည်များနှင့် သိရှိလိုသည်များအား ရှင်းလင်း ဆွေးနွေးခဲ့ပြီး ကော်မတီဥက္ကဋ္ဌမှ နိဂုံးချုပ်အနေဖြင့်  ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များ အား အဖွဲ့ဝင်များမှ  ပူးပေါင်းပါဝင်ဆောင်ရွက်သားကြရန်၊  ထပ်မံဆောင်ရွက်မည့်လုပ်ငန်းများအား ဆုံးဖြတ်ချက်များချမှတ်ကာ အစည်းအဝေးကို နေ့လယ် (၁၄း၀၀) နာရီအချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း  သိရှိရပါသည်။

DOCA (တနင်္သာရီ)