Main menu

ဟင်္သာတမြို့နယ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံသည် (၂၃.၅.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၃၀)အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သော လူငယ်ဘက်စုံဖွံ့ဖြိုးရေးသင်တန်းတွင်  သင်တန်းသား/သူ (၂၅) ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း ကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး သိကောင်းစရာများခေါင်းစဉ်ဖြင့် စားသုံးသူ၏ အဓိပ္ပါယ်၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက် များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့်ကုန်စည်တွေပေါ်မှာဖော်ပြရမည့်ကုန်အညွှန်း အမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)