Main menu

ကံမမြို့၌ စားသုံးသူများဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တာဝန်ခံသည် (၂၆-၅-၂၀၂၅)ရက်နေ့၊ နံနက် (၀၈း၃၀)အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်း၍ ကံမမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်(၃)ဆိုင်သို့သွား ရောက်ပြီး စားသုံးသူများဘေးကင်းလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေး ခြင်း  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ကံမမြို့နယ်တာဝန်ခံက ရောင်းချလျက်ရှိသော စားသုံးဆီလက်လီ/ လက်ကားအရောင်းဆိုင်များ၌ စားအုန်းဆီအမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈)၊ ပုဒ်မ(၄၁)အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားသည့် ကုန်စည်များသာရောင်းချရန်နှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြရန်၊ မြန်မာဘာသာဖြင့် ဖော်ပြရမည့် အချက်များအား မဖြစ်မနေထည့်သွင်း ဖော်ပြခြင်းရှိ/မရှိနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါး အာဏာပိုင်အဖွဲ့၏ အမိန့်အမှတ် (၂/၂၀၂၄)တို့နှင့် ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ရာ Duck ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့်စားအုန်းဆီ) (၉၆)ကျပ်သားတွင် အဆိုပါ ညွှန်ကြားချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အခြားရောင်းချသည့် ကုန်စည်များ သည်လည်း ညွှန်ကြားချက်နှင့် ကိုက်ညီမှုရှိသည့် ကုန်စည်များသာရောင်းချရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မကွေး)