Main menu

ဘီးလင်းမြို့တွင် Mistine  အလှကုန်ပစ္စည်းများ ကွင်းဆင်းစစ်ဆေး

Powered by Drupal

              မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်မှ ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စျေးကော်မတီဝင်များနှင့် ပူးပေါင်း၍ ဇူလိုင် ၁၅ ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် မင်္ဂလာဈေးရှိ အလှကုန်ပစ္စည်းများရောင်းချလျက်ရှိသော ဆိုင်ခန်း (၇) ဆိုင်အား Better Way (Thailand) Co.,Ltd မှ ထုတ်လုပ်သည့် Mistine အလှကုန် ပစ္စည်းများတွင် Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားခြင်း ရှိ/မရှိ စစ်ဆေးရာ Hologram (ရောင်ပြန်) စတစ်ကာနှင့် မြန်မာစာ Labelling ကပ်ထားသော ကုန်ပစ္စည်းများသာရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(မွန်)