
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက် ပျိုးပွဲကို ၂၉-၅-၂၀၂၅ ရက်နေ့၊ နံနက် ၇:၀၀ နာရီအချိန်တွင် မြိတ်တက္ကသိုလ် ပရဝုဏ်အတွင်းရှိ မြေနေရာ၌ ကျင်းပခဲ့သည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့၊ လူမှုကူညီရေးအသင်းတို့မှ အသင်းသားများနှင့် ပြည်သူများ အင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ပြီး သဘာဝပတ်ဝန်း ကျင် စိမ်းလန်းစိုပြေအောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ မျှတသောရာသီဥတုရရှိစေရေး၊ အပူဒဏ်အန္တရာယ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်နှစ်ရှည်ပင်များ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် သတ်မှတ်နေရာအသီးသီးတွင် အရိပ်ရနှစ်ရှည်ပင်များအား တပျော်တပါး စိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။
DOCA (တနင်္သာရီ)