Main menu

Talk Show ဆောင်ရွက်

Powered by Drupal

    မန္တလေးတိုင်းကြီးဒေသကြီး၊ ညောင်ဦးခရိုင်၊ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ (၂၂.၅.၂၀၂၅) ရက်နေ့ မွန်းလွဲ (၁၄:၃၀)နာရီတွင် ကုန်အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ သိကောင်းစရာများ ခေါင်း စဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

         အဆိုပါအသိပညာပေး Talk Show တွင် ကျောက်ပန်းတောင်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်း(ဒု-ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွား ရေးလုပ်ငန်းရှင်အဖြစ် သတ်မှတ်သည့်အချက်များ၊စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်အ ညွှန်းအမှတ်အသားဖော်ပြပါရှိရမည့် အချက်များ၊ထုတ်လုပ်ရောင်းချခြင်း ကုန်စည်နှင့် ဝန်ဆောင် မှုများအကြောင်း၊ သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများကို မလိုက်နာပါက စည်းကမ်းဖောက်ဖျက် သည့် လုပ်ငန်းရှင်အား အရေးယူဆောင်ရွက်နိုင်မှုအခြေအနေများ၊ ကုန်စည်များတွင် မြန်မာဘာ သာဖြင့် မဖြစ်မနေဖော်ပြရန် လိုအပ်သည်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)