Main menu

“မိုးကြိုဝါများအောင်မြင်ဖြစ်ထွန်းလျက်ရှိ”

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် တောင်သူများမှာ လူတို့အသုံးအဆောင် ပစ္စည်းအဖြစ် အသုံးပြု၍ ရသော ဈေးကွက်ဝယ်လိုအားရှိသော ဝါသီးနှံအား မိုးကြို(ဝါ)၊  မိုး(ဝါ)နှင့် မိုးနှောင်း(ဝါ)များဟူ၍ စိုက်ပျိုးကြရာ ယခုအချိန်တွင် မိုးကြို(ဝါ)များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး အချို့နေရာများတွင် ဒေသအခေါ် မျက်နှက်သစ်ဝါ(ပေါ်ဦးပေါ်စဝါ)များ စတင်ထွက်ရှိနေပြီ ဖြစ်ပါသည်။ မိုးကြိုဝါကို ဧပြီလတွင် စတင်စိုက်ပျိုးခဲ့ပြီး ကျောက်ဆည်မြို့နယ်တွင် (၁၀၀)ဧက၊ မြစ်သားမြို့နယ်တွင်(၂၁၂၅)ဧက၊ စုစုပေါင်း(၂၂၂၅)ဧက စိုက်ပျိုးထားရှိကြောင်း ခရိုင်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ မိုးကြိုဝါစိုက်ပျိုးမှုတွင် မြစ်သားမြို့နယ်၌ အများ ဆုံး စိုက်ပျိုးကြောင်း၊ မျိုးအနေဖြင့် B31 ၊ Raka-666 မျိုးကို အများဆုံး စိုက်ပျိုးကြကြောင်း၊ ဝါတစ်ဧကလျှင် မျိုးထုပ်(၁)ထုပ်ခွဲမှ (၂)ထုပ်ခွဲအထိ စိုက်ပျိုးကြကြောင်း၊ ဝါမျိုးဈေးနှုန်းအနေဖြင့်   B31 တစ်ထုပ်လျှင် (၇၃၀၀၀/-)ကျပ်၊ Raka-666 တစ်ထုပ်လျှင်(၇၀၀၀၀/-)ကျပ်၊   ဝယ်ယူစိုက်ပျိုးရကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၅၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျကြောင်း၊ မိုးကြိုဝါစိုက်ပျိုးရာတွင် ဘောင်ပေးစနစ်ဖြင့် စိုက်သလို ထွန်ကြောင်းပေးစနစ်ဖြင့်လည်း အစေ့ကျပြီးစိုက်ပျိုးကြကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် (၈၀၀-၁၀၀၀)ပိဿာခန့်ထွက်ရှိကြောင်း၊ယခုအချိန်တွင် ဝါလှိုင်လှိုင်ထွက်ရှိမှု မရှိသေး သော်လည်း ဒေသအခေါ် မျက်နှက်သစ်ဝါ(ပေါ်ဦးပေါ်စဝါ)များ စတင်ထွက်ရှိပြီး  အရည်အသွေးနိမ့်သောကြောင့်  ဈေးကောင်းရရှိမှုမရှိကြောင်း၊ ဝါဈေးနှုန်းအနေဖြင့် (၃၀၀၀-၃၅၀၀)ကျပ်၊ ရောင်းဝယ်လျက်ရှိကြောင်း ဈေးကွက်အနေဖြင့် တောင်သူများမှ နီးစပ်ရာ မြို့ပေါ်ပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး ပွဲရုံများမှတစ်ဆင့် မန္တလေးစက်မှု၊ ချည်မျှင်နှင့် ယက်ကန်းစက်ရုံများသို့ ရောင်းချကြကြောင်း မိုးကြိုဝါစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)