Main menu

ပေါင်မုန့်၊ကိတ်မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံအသိပညာပေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်သန်းသန်းတင်ဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၁)ဦးသည်စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ ကုန်အမှတ်တံဆိပ်တွင်ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားများ  မြန်မာလိုဖော်ပြရမည့်အချက်အလက်များအား လုပ်ငန်းရှင်များက သိရှိလိုက်နာကြစေရန် ရည်ရွယ်၍ ဇူလိုင်လ ၁၄နေ့တွင် စစ်ကိုင်းမြို့၊ပိုးတန်းရပ်ကွက်ရှိ ရွှေမြင့်မိုရ်ပေါင်မုန့်၊ ကိတ်မုန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံပြီး ဆွေးနွေးအသိပညာပေးခဲ့ပါသည်။ 

          မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံရာတွင် ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဉပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် ပါဝင်သော ကုန်စည်၏ တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ထုတ်လုပ်သည့် ရက်စွဲ၊ထုတ်လုပ်မှုအမှတ်စဉ်၊အမည်နှင့်လိပ်စာ၊တည်နေရာ၊ပါဝင်သောပစ္စည်း၊ ဘေးထွက်ဆိုးကျိုး ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊အစိုးရဌာနများအား သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ဌာန၏အတည်ပြုချက်ရယူလိုပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(စစ်ကိုင်း)