
စားသုံးသူရေးရာဦးစီးဌာန၊ လေးမျက်နှာမြို့နယ်တာဝန်ခံသည် (၁၆.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် လေးမျက်နှာမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းအကြောင်း စားသုံးသူရေးရာအသိပညာပေးTalk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရောင်းချသည့်ကုန်စည်နှင့် စပ် လျဉ်း၍အာမခံချက်ပေးခြင်းများအကြောင်းရှင်းလင်းဆွေးနွေးခဲ့ပါသည်။ဆက်လက်၍ စီးပွားရေးလုပ် ငန်းရှင်များသည် ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ကုန်စည်၏အချိန်အတွယ်ပမာဏ နှင့်အလေး ချိန်မှန်ကန်မှုရှိခြင်း၊ အာမခံချက်ပေးထားသောဖော်ပြမှုများနှင့်အညီ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစွာအသုံးပြုနိုင်စေရေး စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
( DOCA ဧရာဝတီ)