Main menu

“(မိတ္ထီလာမြို့/ရမည်းသင်း)ခရိုင်အတွင်း ညွှန်ကြားချက် (၁/၂၀၂၂) နှင့် ပတ်သက်၍ လိုက်နာမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း”

Powered by Drupal

            စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ (မိတ္ထီလာ/ရမည်းသင်း) ခရိုင် ၊ ခရိုင် ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း)ခရိုင်အတွင်းရှိ စားသုံးဆီရောင်းချနေသောဆိုင်များသို့ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          စားသုံးသူရေးရာဦးစီးဌာနမှ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် စားသုံးဆီများ၌ ဟင်းသီး ဟင်းရွက်ဆီ (Vegetable Oil နှင့် Cooking Oil) ဟူ၍ ဖော်ပြခြင်းမပြုပဲ ပါဝင်ပစ္စည်းများကို အခြေခံ၍ မြန်မာဘာသာြဖင့် တိကျစွာဖော်ပြရန် ကုန်စည်၏ အသားတင်ပမာဏ၊ အရွယ်အစားကိုလည်း မြန်မာ အလေးချိန်ယူနစ်ဖြစ်သော ပိဿာ/ကျပ်သားတို့ဖြင့်ဖော်ပြရမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ဟင်းသီး ဟင်းရွက်ဆီ(စားအုန်းဆီ)၊ ဟင်းသီးဟင်းရွက်ဆီ (အဆင့်မြင့် စားအုန်းဆီ) ဟူ၍ ဖော်ပြရမည် ဖြစ် ကြောင်းကို စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သော ညွှန်ကြားချက် (၁/၂၀၂၂) နှင့်ပတ်သက်၍ (၂၀.၆.၂၀၂၂) ရက်နေ့တွင် စတင်အာဏာတည်ပြီဖြစ်၍ ညွှန်ကြားချက်အား လိုက်နာမှု ရှိ/မရှိ စျေးကွက်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ညွှန်ကြားချက်များအား လိုက်နာမှုရှိကြောင်းတွေ့ရှိရပြီး ခရိုင်ဦးစီးမှူးမှ ညွှန်ကြားချက်နှင့် ပတ်သက်၍ ထပ်မံရှင်းလင်းပြောကြားခဲ့ပြီး လိုက်နာမှုမရှိပါက စားသုံးသူကာကွယ်‌ရေးဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)