
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်(၆)မြို့နယ်နှင့်Onlineစနစ်ဖြင့် ဆောင်ရွက်သော ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို (၂၆.၅.၂၀၂၅)ရက်နေ့ နံနက် (၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနမှအမှုထမ်း(၁၉)ဦးကို လူ့စွမ်းအားအရင်းအမြစ်များ တိုးတက်လာစေခြင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များ လွယ်ကူလျင်မြန်သွက်လက်လာစေရန် ရည်ရွယ်ခြင်း၊ မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏ လုပ်ငန်းစဉ်များကို အခြေခံကျောင်းသား/သူ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ ကျေးလက်နေပြည်သူများ၊ မြို့ပြနေပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စီးပွားရေးလုပ်ငန်းရှင်များအား၊ အသိပညာပေးဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များကို ချပြရှင်းလင်း ဟောပြောနိုင်ရေးကိုရည်ရွယ်၍ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို နံနက်(၁၀:၃၀)နာရီခန့်အချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးဦးဇော်မင်းက ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာများ အမြဲမပြတ် ကြိုးစားသင်ယူလေ့လာရန် လိုအပ်ကြောင်းကိုလည်းကောင်း၊ မြန်အောင်မြို့နယ် တာဝန်ခံဦးမြင့်အောင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေးအရာရှိ၏လုပ်ငန်းတာဝန်(၁၁)ချက်အား အကျယ်တဝင့် ရှင်းလင်းဆွေးခြင်း၊ သင်တန်းဆရာများ၏ ဆွေးနွေးပို့ချချက်များအပြီးတွင် သင်တန်းသားများမှ မရှင်းလင်းသည်များကို မေးမြန်းခြင်းအပေါ် ပြန်လည်ရှင်းလင်းပြောကြားခြင်းအစီအစဉ်ကို ပြုလုပ်ခဲ့ပြီး နေ့လယ်(၁၂:၀၀)နာရီတွင် သင်တန်းဆင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါသင်တန်းသို့ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်း(၁၉)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(DOCA ဧရာဝတီ)