
စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ မြို့နယ် (၆)မြို့နယ်နှင့် Online စနစ်ဖြင့် ဆောင်ရွက်သော Thursday Talk ဟောပြောခြင်းကို (၂၆.၅.၂၀၂၅)ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် စားသုံးသူရေးရာဦးစီးဌာနမှ အမှုထမ်း(၁၈)ဦးတက်ရောက်ခဲ့ပြီး ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်နေသော ဌာနခွဲများ၏လုပ်ငန်းစဉ်များ၊ ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့် အသိပညာ များ၊ ရုံးလုပ်ငန်း၏အခြေခံသဘောတရားများ အမြဲမပြတ်ကြိုးစားသင်ယူလေ့လာရန်၊ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။
အဆိုပါဟောပြောပွဲတွင် ပထမဦးစွာ ခရိုင်ဦးစီးမှူးမှ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားလာစေရေးအတွက် ဝန်ထမ်းနှင့်ရုံးလုပ်ငန်းဆိုင်ရာတာဝန်ဝတ္တရားများနှင့်အသိပညာများ အမြဲမပြတ်ကြိုးစား သင်ယူလေ့လာရန်၊ ဌာန၏ လုပ်ထုံးလုပ်နည်း၊ နည်းဥပဒေများကို သိရှိစေခြင်း၊ ပြည်သူများနှင့် ထိတွေ့ ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည်မြင့်မားလာစေခြင်း၊ မိမိဌာန၏လုပ်ငန်းတာဝန်များအပြင် အခြားဌာနခွဲများ၏ လုပ်ငန်းတာဝန်များကိုလည်းသိရှိဆောင်ရွက်နိုင်စေရန် လေ့လာသင်ယူရန်လိုအပ်ကြောင်း ကိုလည်းကောင်း၊ ဆက်လက်၍ ပြည်တွင်းဌာနခွဲမှ ဦးစီးမှူး ဒေါ်အေးအေးခိုင်မှ ကုန်စည်ဒိုင်အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် ကုန်စည်ဒိုင်၏ ဖွဲ့စည်းပုံ၊ ဆောင်ရွက်လျက်ရှိသော အခြေအနေများ၊ ရောင်းဝယ်ပြုလုပ်မှုများအား ဗဟုသုတရရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
(DOCA ဧရာဝတီ)