
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ မေလ ၂၇ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “ကမ္ဘာကျော်” ဆန်စက်လုပ်ငန်းရှင်နှင့် ကွင်းဆင်းတွေ့ဆုံဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းတွေ့ဆုံရာတွင် တာဝန်ခံက စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ကန့်ဘလူ မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများအား လစဉ်ကွင်းဆင်းစစ်ဆေးလျက် ရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ မပြုလုပ်ရန်၊ ဒေသထွက်ဆန်များကို ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် စားသုံးသူများအား ရောင်းချပေးရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)