Main menu

“စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပပြုလုပ်”

Powered by Drupal

    မအူပင်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မေလ ၂၇ ရက်နေ့တွင် ညောင်တုန်းမြို့နယ်၌ စားသုံးသူအသိပညာပေး Talk Show ဆွေးနွေးပွဲအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမများ၌ ကျင်းပခဲ့ပါသည်။

    အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက အသိပညာပေး  Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ပြောကြးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ် ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေ ပြဌာန်းထားရှိမှု၊ ဥပဒေပါစားသုံးသူအခွင့် အရေး(၈)ချက်နှင့် စားသုံးသူတို့၏တာဝန်များ၊ ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ စားသုံးသူနစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီးပြည်နယ်များ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံ‌ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများ၊ စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca.gov.mm ထဲသို့ ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့် Consumer Call Center ဖြစ်သည့်(1535)သို့  ခေါ်ဆိုတိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ဧရာဝတီ)