
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့၊ နံနက် ၉း၀၀ နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်၊ ရေးလမ်းရှိ ဟိုင်းဝေးကားဂိတ်ယာဥ်ရပ်နားစခန်းသို့ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ စီစဥ်မှုဖြင့် Myanmar Oil Alliance Co., Ltd. က တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၄၈ ပေပါနှင့် Yadanarbon Global Network Distribution Co., Ltd. က တင်ပို့ရောင်းချသည့် စားအုန်းဆီ ၉ ပေပါ၊ စုစုပေါင်း စားအုန်းဆီ ၉၃ ပေပါတို့ကို ယာဥ် မောင်း ဦးစိုင်းသက်ကျော်၊ ယာဉ်အမှတ် 1M-3466/ ISUZU မော်တော်ယာဉ်နှင့် အလားတူ ၁၀း၃၀ နာရီအချိန်တွင် Kaung Hlyan New Asia Co., Ltd. က တင်ပို့ရောင်းချသည့် စားအုန်းဆီ ၁ ပေပါလျှင် ၁၁၀ ပိဿာပါ စားအုန်းဆီ ၇၄ ပေပါနှင့် Yadanarbon Global Network Distribution Co., Ltd. က တင်ပို့ရောင်းချသည့် စားအုန်းဆီ ၂၀ ပေပါ၊ စုစုပေါင်း စားအုန်းဆီ ၉၄ ပေပါတို့ကို ယာဥ်မောင်း ဦးဇော်ဇော်၊ ယာဉ်အမှတ် 9K-9082/ Hino မော်တော်ယာဉ်တို့ဖြင့် အသီးသီးတင်ဆောင်၍ ရောက်ရှိလာရာ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စားအုန်းဆီစုစုပေါင်း ၁၈၇ ပေပါအား ကုမ္ပဏီ၏ လက်ကားအရောင်းကိုယ်စားလှယ်မှတစ်ဆင့် ထားဝယ်မြို့၊ အနောက်ရပ်၊ ဦးကျော်ရင်လမ်းရှိ ဦးစန်းအောင်၏ အောင်ပွဲရုံ ကုန်စုံဆိုင်အပါအဝင် လက်လီဆိုင် ၁၅ ဆိုင်မှတစ်ဆင့် သတ်မှတ်ရည်ညွှန်းစျေးအတိုင်း စားသုံးသူများအား ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)