Main menu

ပန်းတောင်းမြို့နယ်တွင် စားသုံးသူအသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ်တာဝန်ခံနှင့် အဖွဲ့သည် (၁၃.၇.၂၀၂၂)ရက်နေ့ နံနက်ပိုင်းတွင် တလုပ်ပင်အုပ်စု၊ ကျွဲရဲကျေးရွာတွင် တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင် ရေကျော်အုပ်စု၊ လယ်တီကျေးရွာတွင်တစ်ကြိမ် စားသုံးသူအသိပညာပေး ဆွေးနွေးပွဲပြုလုပ်ခဲ့ပါသည်။

          ပန်းတောင်းမြို့နယ်၊ တလုပ်ပင်အုပ်စု၊ ကျွဲရဲကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် (၁၃.၇.၂၀၂၂)နေ့ နံနက် (၉:၃၀) အချိန်တွင်ကျင်းပပြုလုပ်ရာ အသိပညာပေးဆွေးနွေးပွဲသို့ တောင်သူ (၆၇)ဦး တက်ရောက်ခဲ့ပြီး မိတ်ဖက်ဌာနဆိုင်ရာများလည်း တက်ရောက်ခဲ့ကြပါသည်။ ထိုအသိပညာပေးဟောပြောဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူများ၏ အခွင့်အရေးနှင့် တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားများဆိုင်ရာ သိကောင်းစရာများအကြောင်း ဆွေးနွေး ဟောပြောသလို ပြည်တွင်း စားသုံးဆီဖူလှုံရေးအတွက် ဆီထွက်သီးနှံများဖြစ်သော နှမ်း၊ မြေပဲ နှင့်နေကြာ သီးနှံ များအား တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆည်ရေရရှိသောလယ်မြေများတွင် ယခင်က တစ်နှစ်လျှင် စပါး နှင့်ပဲ နှစ်သီးသာစိုက်ပျိုးခြင်းမှ ယခုအချိန်တွင် တစ်နှစ်လျှင် စပါး ပြီးလျှင် ပဲ၊ ပဲပြီးလျှင် ပဲ စိုက်ပျိုးခြင်းဖြင့် တစ်နှစ်လျှင် (၃)သီးပြောင်းလဲစိုက်ပျိုးသင့်ကြောင်း၊ တစ်နှစ်လျှင် (၃)သီး စိုက်ပျိုးလျှင် တောင်သူများအတွက် အကျိုးအမြတ်ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ပြည်စုံစွာ ဆွေးနွေး ဟောပြောခဲ့ပြီး နေ့လယ်(၁၃:၀၀) အချိန်တွင် ရေကျော်အုပ်စု၊ လယ်တီ ကျေးရွာရှိ ဘုန်းကြီး ကျောင်း ဓမ္မာရုံ၌ တောင်သူ (၁၉၀)ဦးအား  ဆက်လက်ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)