Main menu

မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ ညွှန်ကြားချက်အရ  မုံရွာခရိုင်ဦးစီးမှူးရုံးအနေဖြင့် (၃.၆.၂၀၂၅) ရက်နေ့တွင်  ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ဦးဆောင်၍  တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍  မုံရွာမြို့ပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်များသို့ Coca-Cola Pinya Beverages Myanmar (CCPBM)  ကုမ္ပဏီမှ ထုတ်လုပ်သည့် Sprite အချိုရည်ကို တုပ၍ အစိမ်းရောင် ပလတ်စတစ်ဘူးများဖြင့် ထုတ်ပိုးထားသည့် ထိုင်းဘာသာ စကားဖြင့် ကုန်အညွန်းအမှတ်အသားဖော်ပြထားသော အချိုရည်ဘူးများရောင်းချခြင်းရှိ/မရှိ၊ အစား အသောက်နှင့်  ဆေးဝါးကွပ်ကဲရေးးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ၊ မြန်မာဘာသာဖြင့် ကုန် အညွန်းအမှတ်အသားဖော်ပြထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် မုံရွာမြိုပေါ်ရှိ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင် များအား CCPBM)  ကုမ္ပဏီအနေဖြင့် Sprite PET ပလတ်စတစ်ဗူးများကို အစိမ်းရောင်မှ ဗူးအကြည်ရောင်အဖြစ်သို့ ပြောင်းလဲအသုံးပြုထားကြောင်း၊ ဈေးကွက်တွင် ရောင်းချနေသော ထိုင်းဘာသာ စကားဖြင့် ဖော်ပြပါရှိသည့် Sprite အမှတ်တံဆိပ် အစိမ်းရောင်ပလတ်စတစ်ဗူး (အတု)များသည် မြန်မာနိုင်ငံ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ထောက်ခံချက်မပါရှိသဖြင့် ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်နိုင်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွန်းအမှတ်ဖော်ပြချက်များနှင့် ပြည့်စုံသည့်ကုန်စည်များကိုသာ မိမိတို့ဆိုင်များတွင် ရောင်းချရမည်ဖြစ်ကြောင်း၊ နောင်တွင် အလားတူအချိုရည်ဘူးများအား ရောင်းချခြင်းမပြုရန်ပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)