Main menu

တောင်ငူမြို့နယ်တွင် အမှတ်တံဆိပ်ပါစားသုံးဆီများအား စျေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             ပဲခူးတိုင်းဒေသကြီး ၊စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ စားသုံး/ထုတ်လုံတာဝန်ခံ ဦးမင်းဇော်၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူနှင့်အဖွဲ့သည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက်ပိုင်းက တောင်ငူ မြို့နယ်တွင် ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါစားသုံးဆီများ၌ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖေါ်ပြထားခြင်းရှိ/မရှိကို စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

              တောင်ငူမြို့နယ်တွင် ရောင်းချလျှက်ရှိသော အမှတ်တံဆိပ်ပါစားသုံးဆီများတွင် မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နှင့်အညီ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာဖေါ်ပြထားသည်ကိုတွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း​ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် ၁/၂၀၂၁ ကို အများအားဖြင့်လိုက်နာဆောင်ရွက်လျှက်ရှိ ကြောင်း တွေ့ရှိရပါသည်။

              အမှတ်တံဆိပ်ပါ စားသုံးဆီများသည် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင် အဖွဲ့မှ ထိန်းချုပ်အစားအသောက်အဖြစ် သတ်မှတ်ထားသောကုန်စည်များဖြစ်ကြောင်း သိရှိရပါ သည်။

DOCA(ပဲခူး)