Main menu

တောင်ငူမြို့ရှိ ဓါတ်မြေဩဇာသိုလှောင်ရုံများတွင် အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

                 တောင်ငူခရိုင် ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ၊  အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် တောင်ငူခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးအဖွဲ့ အဖွဲ့ဝင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တောင်ငူမြို့ပေါ်ရှိ မြေဩဇာသိုလှောင်ရုံများသို့ သွားရောက်၍ အမိုနီယမ် နိုက်ထရိတ်များ တရားမဝင် တင်သွင်းမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းနှင့် သံသယရှိ မော်တော်ယာဉ်များအား စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

              တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီဥက္ကဌ၏ လမ်းညွှန်မှာကြားချက်များအား ဦးဆောင်ကော်မတီအတွင်းရေးမှူးက ထပ်ဆင့်ရှင်းလင်းဆွေးနွေးသည့် ညှိနှိုင်းအစည်းအဝေး တွင် ဆုံးဖြတ်ချက် ၃ ချက်ဖြစ်သော အမိုနီယမ်နိုက်ထရိတ်များအား ဓါတ်မြေဩဇာများနှင့် ရောနှော သယ်ဆောင်မှု၊ အိတ်သွပ်သယ်ဆောင်မှုများ မရှိစေရေးအတွက် သေသေချာချာ စစ်ဆေးဆောင်ရွက် ရန်၊ အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှုမရှိစေရေးအတွက် ကုန်သွယ်မှု လမ်းကြောင်းများမှ သာမက ဂိုဒေါင်များ၌ပါ စစ်ဆေးဖမ်းဆီး အရေးယူဆောင် ရွက်သွားရန်၊ အမိုနီယမ် နိုက်ထရိတ်များ တရားမဝင်သယ်ဆောင်သည်ဟု သံသယရှိပါက ကုန်ချစစ်ဆေးနိုင်သည့် နေရာသို့ ရွှေ့ပြောင်း၍ အသေးစိတ်စစ်ဆေးရန်တို့ကို လိုက်နာဆောင်ရွက်ရန်မှာကြားခဲ့ပါသဖြင့် ဓါတ်မြေဩဇာ သိုလှောင်ရုံများနှင့် သံသယရှိ မော်တော်ယာဉ်များအား ကွင်းဆင်းစစ်ဆေးခြင်းဖြစ်ကြောင်းနှင့် တောင်ငူမြို့တွင် အမိုနီယမ်နိုက်ထရိတ်များ တရားမဝင်တင်သွင်းမှု တွေ့ရှိရခြင်းမရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)