Main menu

Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၂.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၁:၀၀)အချိန်တွင် (Tarot Society Myanmar) စာအုပ်စာတမ်းများနှင့် စာရေးကိရိယာပစ္စည်းများရောင်းဝယ်ရေးလုပ်ငန်း အိမ် အမှတ် (၄၀)၊ အမှတ်(၉) ရပ်ကွက် ၊ မြောင်းကြီးလမ်း၊ ပုဇွန်တောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ   e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချ ခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဖော်ပြပါအချက်အလက်များ မှန်ကန်မှုရှိမှသာ Online Sale လုပ်ငန်း မှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာ ဖြစ်သည့်အတွက် မှန်ကန်စွာ ဖြေကြားပေးရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၀)၊ ပုဒ်မ (၂၁) ပါ အချက်အလက်များကို  ရှင်းလင်း  အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)