Main menu

“ကွမ်းခြံကုန်းမြို့နယ်အတွင်း စားအုန်းဆီလက်လီလက်ကားအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်း”

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်ရှိ စားအုန်းဆီလက်လီ လက်ကားအရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာန   ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူး ရုံး၏ ညွှန်ကြားချက်နှင့်အညီ စားသုံးသူ ပြည်သူများ နေ့စဉ်စားသုံးလျက်ရှိသော စားအုန်းဆီများ ကို လက်လီလက်ကား ရောင်းချနေမှု အခြေအနေများကို  ဇွန်လ (၃)ရက်နေ့၊ နံနက်(၀၉:၄၅) နာရီအချိန်တွင်  ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဈေးတာဝန်ခံ ကျန်းမာရေးမှူး(၃) ဦးထွန်းထွန်း၊ အခွန်ကောက် တာဝန်ခံ ဦးချစ်ထွေး၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ ပါဝင်သောပူးပေါင်းအဖွဲ့ဖြင့် ရပ်ကွက်အတွင်း ရောင်းချနေသော ဆိုင်များဖြစ်သည့် ဈေးပိုင်းရပ်ကွက်မှ ဦးဟိန်းသော်ဇင်ဦး (စားအုန်းဆီမြို့နယ်ကိုယ်စားလှယ်) ဆိုင်၊ ဦးခင်မောင်အေး (လက်လီ)ဆိုင်၊ ကံကြီးမကျီးရပ်ကွက်ရှိ ဦးစိုးတင့် (လက်လီ)ဆိုင်၊ ဦးရဲဝင်းသိဏ်း(လက်လီ)ဆိုင်၊ ဦးကျော်သူရအောင် (လက်လီ)ဆိုင်၊ မြို့မရပ်ကွက်ရှိ ဦးဟိန်းမင်း လတ် (လက်လီ)ဆိုင်တို့တွင် လည်းကောင်း၊ စည်ပင်သာယာမြို့မဈေးတွင် ရောင်းချသော ဒေါ်လဲ့လဲ့သင်း (လက်လီ)ဆိုင်၊ ဒေါ်မြသီတာကျော် (လက်လီ)ဆိုင်၊ ဦးစန်းဌေး (လက်လီ)ဆိုင်၊ ဒေါ်မျိုးသူဇာထွန်း (လက်လီ)ဆိုင်၊ ဦးမြင့်မင်းသူ (လက်လီ)ဆိုင်များမှ စားအုန်းဆီ ဖြန့်ဖြူး ရောင်းချသည့် ကုမ္ပဏီ၊ ခွဲတမ်းရရှိသည့် ပိဿာ၊ ပေပါ၊ တာဝန်ယူ ဖြန့်ဖြူးရောင်းချသည့် အရေအတွက် ပိဿာ၊ ပေပါ၊ ရောင်းချသည့် လက်လီ/လက်ကား ဈေးနှုန်းများနှင့် နေ့စဉ် ရောင်းချလျက်ရှိသည့် ပုံစံများကိုပါ စိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ စားအုန်းဆီ ရောင်းချသည့် လက်လီဆိုင်များမှ စားအုန်းဆီ မြို့နယ်ကိုယ်စား လှယ်ထံမှ လက်ကားဈေးဖြင့် ဝယ်ယူကာ ၂%အမြတ် မိမိတို့ တာဝန်ယူရောင်းချပေးရမည့် ရပ်ကွက်၊ ကျေးရွာများသို့ အိမ်ထောင်စု စာအုပ်ဖြင့် (၇)ရက် တစ်ကြိမ်(၅၀)ကျပ်သား နှုန်းဖြင့် နေ့စဉ် နံနက် (၀၇:၀၀)နာရီမှ ညနေ (၁၅:၀၀)နာရီအချိန်ထိ ရောင်းချလျက်ရှိပြီး စားအုန်းဆီ မြို့နယ်ကိုယ်စားလှယ်မှလည်း အပတ်စဉ် သတ်မှတ် ရည်ညွှန်းဈေးအပေါ် သယ်ယူခ၊ အလုပ် သမားခများ ထည့်သွင်းတွက်ချက်ကာ ၂%အမြတ်ဖြင့် ရပ်ကွက်၊ ကျေးရွာများသို့ တာဝန်ယူ ရောင်းချမည့် လက်လီဆိုင်များအား ၎င်းမြို့နယ်အတွင်း နေ့စဉ်ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ အကြော်ဆိုင်၊ စာသင်တိုက် ဘုန်းတော်ကြီးကျောင်းများ၊ ပရဟိတ လူမှုရေး ကိစ္စများနှင့် ဘာသာရေး၊ နာရေးကိစ္စများကိုပါ ရောင်းချနေကြောင်း သိရှိရသည်။

          ထို့နောက် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက စားအုန်း ဆီများကို စားသုံးသူများ လက်ဝယ်အရောက် ရောင်းချသွားရန် ၂% အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့်သာ ရောင်းချရန် ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများ မပြု လုပ်ကြရန်၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ကြပ်မတ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)