
စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင်အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တာဝန်ခံရုံး၌ (၁၃.၅.၂၀၂၅)နေ့တွင် မြို့ပေါ်အမှတ်(၃)ရပ်ကွက်ရှိ ပြည်သူများအားလည်းကောင်း၊ ပြည်မြို့နယ်၊ အောင်ဆန်းပြည်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ (၁၄.၅.၂၀၂၅)နေ့တွင် ရပ်ကွက်နေ ပြည်သူများအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် တာဝန်ခံရုံး၌ (၁၅.၅.၂၀၂၅)နေ့တွင် မြို့ပေါ်ရှိ ကုန်မျိုးစုံနှင့် စတိုးဆိုင်ပိုင်ရှင်များ အားလည်းကောင်း၊ ပန်းတောင်းမြို့နယ်၌ (၂၃.၅.၂၀၂၅)နေ့တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆက်ရေးဦးစီးဌာနနှင့် ပူးပေါင်း၍ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆိုင်ရာ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အသိပညာပေး Talk Show ပွဲပြုလုပ် ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင်များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည်ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေးလုပ်ငန်းရှင် (၅၂)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ပဲခူး)