Main menu

ဆန်ဈေးနှုန်းကြီးမြှင့်စွာရောင်းချမှုမရှိစေရေး ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး) နှင့်ဝန်ထမ်းများသည် မင်္ဂလာတောင်ညွှန့်မြို့နယ်(Makro)ရှိ (၃.၆.၂၀၂၅) ရက်နေ့ ၊ နေ့လယ် (၁၂:၃၀) အချိန်တွင်  အမှတ် (၃၂၂) ၊ အထက်ပုဇွန်တောင်လမ်း ၊ မင်္ဂလာတောင်ညွှန့် မြို့နယ်(Makro)အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းအသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြကြောင်း သိရှိရပါ သည်။

     ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် (Makro)ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များ သည် မြတ်(မြောင်းမြပေါ်ဆန်း)(၂၄kg) ၊ မြတ်(ရက်၉၀)(၁၂kg) ၊ မြတ်(ဧရာပဒေသာ)(၁၂kg) ၊ Ayeyar (ဇီယာ) (၁၀kg) ၊ Nursery (ပေါ်ဆန်း)(၂၄kg) ၊ Win (တောင်ပျံ-ရှယ်)(၂၄kg) ၊ Win (ရွှေဘိုပေါ်ဆန်း)(၂၄kg) ၊ မြတ် (ကျားပျံ) (၂၄kg) ၊ Meizan (ပေါ်ဆန်းမွှေး)(၁၂kg) ၊ Ayeyar (ပေါ်ဆန်းမွှေး) (၅kg)၊ Nursery (ပေါ်ဆန်း)(၅kg)၊ Win (ဇီယာ)(၆kg)၊ မြ(ရွှေဘိုပေါ်ဆန်း) (၅kg) စသည့်ဆန်များကို   သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်းနှင့် ဆန် ဈေးနှုန်းကြီးမြှင့်မှု မဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များသိုလှောင် ထားခြင်းမပြုရန် နှင့်သတ်မှတ်ထားသော ဈေးနှုန်းများအတိုင်းရောင်းချသွားရန် ၊ ဈေးနှုန်းများ အဆမတန်မြှင့်တင်ရောင်းချခြင်းမပြုရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာ ဖြစ်ကြောင်း  အသိပညာပေးပြောကြားခြင်းများ  ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)