
တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့ နံနက် (၁၀:၀၀)အချိန်တွင် ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်၊ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးတွင် အသင့်သောက်အချိုရည်အမျိူး မျိုးရောင်းချနေသည့် လုပ်ငန်းရှင် များအား စားသုံးသူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအခွင့် အရေး အပြည့်အဝရရှိစေရေး၊ စားသုံးသူနစ်နာလျှင်တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ စီးပွားရေးလုပ်ငန်း ရှင်၏တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ ရောင်းချနိုင်ရေး အသိပညာပေးဟောပြောဆွေးနွေးခြင်း ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့မှု အခြေအနေအား သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
DOCA(တနင်္သာရီ)