Main menu

သာယာဝတီခရိုင်အတွင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအဖွဲ့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

            ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ အစည်းအဝေး လမ်းညွှန်ချက်အရ အမိုနီယမ်နိုက်ထရိတ်များအား ဓာတ်မြေသြဇာများနှင့် ရောနှော သယ်ဆောင် အိတ် သွတ်သယ်ဆောင်မှု မရှိစေရေး စစ်ဆေးဆောင်ရွက်ရန် သာယာဝတီခရိုင် တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အဖွဲ့မှ သာယာဝတီခရိုင် လက်ပံတန်းမြို့တွင် ၁၃.၇.၂၀၂၂ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီအချိန်၌ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ရောင်းချနေသော ဆိုင်များဖြစ်သည့် တောင်သူကြီး စိုက်ပျိုးရေးဆေးဆိုင်၊ စံ သစ္စာပွဲရုံနှင့် ဓာတ်မြေသြဇာဆေးဆိုင်၊ ရွှေလယ်ယာ စိုက်ပျိုးရေးဆေးဆိုင် ၊ ဧရာဝတီဓါတ်မြေသြဇာဆေးဆိုင်နှင့် သိုလှောင်ရုံများကို ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထို့သို့ စစ်ဆေးရာတွင် ၎င်းစိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေသြဇာ အရောင်းဆိုင် သိုလှောင်ရုံ များတွင် အမိုနီယမ်နိုက်ထရိတ် များကို ဓာတ်မြေသြဇာများနှင့် ရောနှောသယ်ဆောင်၊ အိတ်သွတ် သယ်ဆောင်၊ ရောင်းဝယ်မှုများ မရှိပါကြောင်း နှင့် ပုံမှန်စိုက်ပျိုးရေးသုံး ပစ္စည်းများကိုသာ ရောင်းဝယ်မှု ရှိပါကြောင်း ကွင်းဆင်းစစ်ဆေးတွေ့ရှိရပါသည်။

DOCA(ပဲခူး)