Main menu

တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းဝယ်ရေးအသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ၊ ၅ ရက်နေ့၊ နေ့လယ် (၁၃း၄၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်၊ တိုင်းဒေသကြီးဦးစီးမှူးမှ ထားဝယ်ခရိုင်ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းရောင်းဝယ်ရေးအသင်းဥက္ကဋ္ဌနှင့် ဆွေ့ဆုံဆွေးနွေးခဲ့ပါသည်။

    အဆိုပါတွေ့ဆုံဆွေး‌နွေးရာတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ဒေသတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဆောက်လုပ်ငန်းရေးလုပ်ငန်းသုံး ပစ္စည်းများ၏ စျေးနှုန်း/စျေးကွက်အခြေအနေများ၊ ဒေသတွင်း ဘိလပ်မြေစျေးနှုန်းများ တည်ငြိမ်စေရေးအတွက် ဘိလပ်မြေစျေးနှုန်း/စျေးကွက် အခြေအနေများ၊ ရရှိ/လက်ကျန်အခြေအနေများနှင့် စပ်လျဥ်း၍ မေးမြန်းရှင်းလင်းဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)