Main menu

မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်

Powered by Drupal

     မြင်းခြံခရိုင်ရဲတပ်ဖွဲ့မှူးရုံး၌ ၂၈-၅-၂၀၂၅ ရက်နေ့၊ မွန်းလွဲ ၁၃:၀၀ နာရီအချိန်တွင် မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ ဝင်အရာရှိ၊ အရာခံ၊ အခြားအဆင့်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင် များအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

     ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက  စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူ၏အဓိပ္ပာယ်၊ လုပ်ငန်းရှင်၏အဓိပ္ပာယ်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ၏ အဓိပ္ပာယ်များ၊ စားသုံးသူများ၏အခွင့်အရေးများ၊ စားသုံးသူများလိုက်နာရမည့်တာဝန်များ၊ စီးပွားရေးလုပ်ငန်း ရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁)ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် ဖော်ပြရမည့် သတ်မှတ်ချက်များ၊ မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့် အချက်များအား အကျယ်တဝင့် ဟောပြောဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

  စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားရှိသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)ရုံးများတွင် တိုင်ကြားနိုင်သကဲ့သို့ Online တိုင်ကြားမှုအနေဖြင့် DOCA Website  ဖြစ်သော www.doca. gov.mm မှလည်းကောင်း၊ ပြည်နယ်/တိုင်း/ခရိုင်အသီးသီးရှိ Facebook အကောင့်များမှလည်းကောင်း၊ Facebook Pageများမှလည်းကောင်း၊ Mobile Application မှ လည်းကောင်း၊ Consumer Call Center နံပါတ်-၁၅၃၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်းနှင့် ဟောပြောပွဲသို့တက်ရောက်လာကြသော မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲတပ်ဖွဲ့ဝင် အရာရှိ၊ အရာခံ၊ အခြားအဆင့်၊ စာရေးဝန်ထမ်းများနှင့် မိသားစုဝင်များအား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)