Main menu

တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျိုက်လပ်မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၁၀;၀၀) နာရီအချိန်တွင် တာချီလိတ်ခရိုင်၊ ကျိုက်လပ်မြို့ပေါ်ရှိကုန်စုံဆိုင်(၈)ဆိုင်အား ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခဲ့ ပါသည်။

        တာချီလိတ်မြို့နယ်တာဝန်ခံနှင့် ဌာနဆိုင်ရာများသည် ကုန်စုံဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ကုန်ပစ္စည်းများနှင့်သက်ဆိုင်ရာဆက်စပ်ဌာနများမှ တားမြစ်ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများ ကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ “ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်း”၊ အခန်း(၉)ပါ “စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ”နှင့် အခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် အသိပညာ ပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)