
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ဆန်စက်လုပ်ငန်းရှင်များအသင်းရုံး၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၃) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဆန်စက်လုပ်ငန်းရှင်(၉)ဦးအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ကျိုက်လတ်မြို့နယ်အတွင်း အစားအသောက်ထုတ်လုပ်ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ အခွင့်အရေးနှင့်တာဝန်များ ၊ စီးပွားရေးလုပ်ငန်းရှင်အတွက် တားမြစ်ချက်ချက်များ၊ စံချိန်စံညွှန်း အရည် အသွေးမှီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ပက်သက်၍ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူများ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင် မှုများ ဝယ်ယူခြင်းမပြုမီ သတိပြုဆောင်ရွက်ရမည့်အချက်များ၊ အခန်း(၁၈) ပါ ကုန်အညွှန်းအမှတ် အသား ပါဝင်မှုနှင့်ပက်သက်၍ မြန်မာဘာသာဖြင့် ရေးသား ဖော်ပြရန်လိုကြောင်း၊ စားသုံးသူများ ရွေးချယ်ဝယ်ယူစားသုံးခွင့်နှင့် ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အရေးဆိုတိုင်ကြားနိုင်သည့် စင်တာများ တိုင်း/ခရိုင်နှင့် ရုံးချုပ်တို့တွင် ဖွင့်လှစ်ထားရှိကြောင်း Call Centre 1535 သို့ ဆက်သွယ်တိုင်ကြားနိုင်ကြောင်း အသိပညာပေး ဟောပြောဆွေးနွေးခဲ့မှုအပေါ် သတင်းရရှိပါသည်။
DOCA (ဧရာဝတီ)