
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ၄-၆-၂၀၂၅ရက်နေ့ ၊နံနက် (၁၁:၀၀)နာရီက မအူပင်မြို့နယ်စည်ပင် သာယာဈေးရုံ အစည်းအဝေးခမ်းမတွင် ရပ်ကွက်နေ ပြည်သူများအား FDA၊ ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ စားသုံးကာကွယ်ရေး ဥပဒေအကြောင်းသိကောင်းစရာများနှင့် ကုန်အညွှန်းအမှတ်အသားပါဝင်မှု သိကောင်းစရာများနှင့် ပါတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူ(၃၇)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် မအူပင်မြို့နယ်မှ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)က စားသုံးသူပြည်သူများကို စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်းကိုလည်းကောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များအကြောင်းကို ပြည်သူများ သိရှိစေရန် အသိပညာပေးဟောပြောခဲ့ပြီး ပြည်သူများ မိမိတို့ လိုအပ်ချက်အရ ကုန်စည်များကို ဝယ်ယူရာတွင် စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈)၊ ပုဒ်မ(၄၁) စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ အောက်ပါတို့ကို သိသာထင်ရှားစွာ ဖော်ပြရမည် ပါဝင်အချက်အလက်များကို ရှင်းလင်းခြင်းရွေးချယ်ဝယ်ယူတက်စေရန် ဟောပြောခြင်း၊ စားသုံးသူပြည်သူများ မိမိတို့အခွင့်အရေးအတွက်သော်လည်းကောင်း၊ ကုန်စည်နှင့် ပတ်သက်၍ ရွေးချယ်တက်စေရန် သိရှိလိုသော်လည်းကောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းစဉ်များကို သိရှိလိုပါက အလွယ်တကူ ဆက်သွယ်မေးမြန်း နိုင်သော စားသုံးသူရေးရာဦးစီးဌာန၏ callcenter 1535 ဖုန်းဖြင့်အလွယ်တကူ ဆက်သွယ်မေးမြန်း၍ ရနိုင်ကြောင်းကိုလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပြီး ပြည်သူများက သိရှိလိုသည်များမေးမြန်း၍ ဖြေကြားရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
DOCA(ဧရာဝတီ)