Main menu

မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

၂၀၂၅ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက် (၀၉:ဝဝ) နာရီအချိန်၌ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ-၁၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်တွင် ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ဥပဒေကြမ်းစိစစ်ရေး ဉီးစီးဌာန၊ မူပိုင်ခွင့်ဉီးစီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနနှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့တို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူ ကာကွယ်ရေးဆိုင်ရာကျွမ်းကျင်သူ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စားသုံးသူရေးရာဉီးစီးဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာ ကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အစည်းအဝေးတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။ ဆက်လက်၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင် အတွင်းရေးမှူးက မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) ၏ ဆုံဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေတင်ပြခြင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြခြင်း၊ အမှာစာများဖတ်ကြားတင်ပြခြင်းနှင့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဌက အမှာများ အပေါ် အဆုံးအဖြတ်ပေးခြင်း၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အဖွဲ့များက ဆွေးနွေး တင်ပြခြင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဌများက ဆွေးနွေးတင်ပြခြင်း၊ တက်ရောက်လာသူများက အထွေထွေဆွေးနွေးခြင်းနှင့်  မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင် ဥက္ကဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

Doca(စစ်ကိုင်း)