
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ် ၊ ဇွန်လ (၅) ရက်နေ့ နံနက်( ၀၉ : ၃၀) အချိန်တွင် လွိုင်ကော်မြို့ပေါ်ရှိ စားသောက်ကုန်များ လက်လီ/ လက္ကားရောင်းချနေသောကုန်စုံဆိုင်များ၌ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြ ထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အစိမ်းရောင်ပလတ်စတစ်ဘူးများဖြင့် ရောင်းချနေသော Sprite အမှတ်တံဆိပ် အချိုရည် ဘူးများ ရောင်းချနေမှု ရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်များနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော အစိမ်းရောင်ပလတ်စတစ်ဘူးများဖြင့် ရောင်းချနေသော Sprite အမှတ်တံဆိပ် အချိုရည်ဘူးများရောင်းချနေမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အချိုရည်ဘူးများအား ဝယ်ယူရောင်းချခြင်းမပြုရန်နှင့် မြန်မာနိုင်ငံ စားသုံးသူရေးရာ ကော်မရှင်၏ ညွှန်ကြားချက် အမှတ် ၂/ ၂၀၁၉ ပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ပါရှိသော အချိုရည်ဘူးများကိုသာဝယ်ယူရောင်းချကြရန် အသိပညာပေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)