
စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလ(၃၀)ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်ရှိ ကိတ်မုန့်၊ ပေါင်မုန့် စသည့် မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် Baby မုန့်ဖိုသို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၁၉)ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Baby မုန့်ဖို၌ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် မုန့်များတွင်ဖော်ပြထားသော ကုန်အမှတ်တံဆိပ်သည် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ပြည့်စုံမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရ၍ ထုတ်လုပ်သည့်လုပ်ငန်းရှင်အား အသင့်စား မုန့်များဖြစ်သည့် ကိတ်မုန့်၊ ပေါင်မုန့်စသည့်မုန့်များ ထုတ်လုပ်ရောင်းချရာတွင် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ (၂/၂၀၂၉)ပါကုန်အညွှန်းအမှတ်အသား သတ်မှတ်ချက်များ အားထည့်သွင်းဖော်ပြရန်နှင့် ပြန်လည်ပြင်ဆင်ဖြည့်စွက်ပြီးသော ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များအား စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးသို့ အမြန်ဆုံးပြန်လည်တင်ပြသွားရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)