Main menu

လှိုင်သာယာမြို့နယ်ရှိ ကိုညီ+မဆွေ Mobile Phone ဆိုင်သို့ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ကွင်းဆင်းစစ်ဆေး

Powered by Drupal

 ကုန်သွယ်ရေးဉီးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် (၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀) အချိန်တွင် လှိုင်သာယာ မြို့နယ်ရှိ ကိုညီ+မဆွေ Mobile Phone ဆိုင်သို့ ကုန်အညွှန်း အမှတ်အသားဆိုင်ရာ ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

  အမှတ်(၂၆၃)၊ (၇)ရပ်ကွက်၊ တံတားဖြူမှတ်တိုင်၊ လှိုင်သာယာမြို့နယ်ရှိ ကိုညီ+မဆွေ Mobile Phone ဆိုင်သို့ သွားရောက်ကာ Samsung၊ Oppo၊ Vivo၊ Huawei၊ Tecno၊ Infinix၊ Realme၊ Honor၊ Redmi၊ Nubia ရောင်းချနေသော လက်ကိုင်ဖုန်းများအား ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး မိမိတို့ဆိုင်တွင် ရောင်းချ နေသော ကုန်ပစ္စည်းများသည် သက်ဆိုင် ရာအမှတ်တံဆိပ်ကုမ္ပဏီများမှ ဆိုင်အရောက် ရောင်းချပေးပါကြောင်း၊ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးမှ မည်သည့်ကုန်ပစ္စည်းမဆို ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာပါရှိသော အမှတ်တံဆိပ်များကိုသာ ရောင်းချပေးရန် အသိပညာပေးပြောကြားဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

  DOCA (ရန်ကုန်)