Main menu

ဉီးချစ်ထွေးကုန်စုံဆိုင်တွင် Sprite အချိုရည်များ ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ ဝန်ထမ်းများသည် (၂.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁:၂၀)အချိန်မှစ၍ အင်းစိန်မြို့နယ်၊ ဖော့ကန် ပဒေသာဈေးတွင် Sprite အချိုရည်များ ရောင်းချနေခြင်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   ထိုသို့စစ်ဆေးခဲ့ရာတွင် ဒေါ်သင်းသင်းဝါ၊ ဈေးတာဝန်ခံ(၄)မှ ပူးပေါင်းပါဝင်လျက် ရုံ(ခ)၊ အခန်း (၁၄၉)ရှိ ဉီးချစ်ထွေးကုန်စုံဆိုင်တွင် အစိမ်းရောင် Sprite အချိုရည်များအား ရောင်းချနေခြင်းမရှိဘဲ အကြည်ရောင် Sprite အချိုရည်များသာ ရောင်းချကြောင်း စစ်ဆေးတွေ့ရှိရပြီး စားသုံးသူကာကွယ် ရေးဥပဒေပါအခန်း(၁၈)တွင် ဖော်ပြရမည့်အချက်များ ဖြစ်သော ကုန်အညွှန်းအမှတ်အသားများကို လည်း ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိ ရပြီး မိမိတို့ဌာနမှလည်း ထောက်ခံချက်မရှိသော ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော ကုန်ပစ္စည်းများ ရောင်းချခြင်းမပြုရန် စစ်ဆေးတွေ့ရှိရပါက အရေးယူဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောခဲ့သည်များကို ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

 DOCA (ရန်ကုန်)