Main menu

Mistine အလှကုန်ပစ္စည်းများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          (၂၀-၇-၂၀၂၂)နေ့ နံနက် (၉:၃၀)ခန့်အချိန်တွင် စစ်တွေမြို့နယ် တာဝန်ခံဦးဆောင်၍ ဝန်ထမ်းများပါဝင်သော အဖွဲ့သည် စစ်တွေမြို့ မြို့မဈေးကြီးအတွင်းသို့ သွားရောက်၍ ဈေးကွက် အတွင်းရှိ Mistine အလှကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြ ထားခြင်းရှိ/မရှိနှင့် FDA ၏ထောက်ခံချက်ဖြင့် ဖြန့်ဖြူးရောင်းချနေခြင်းဟုတ်/မဟုတ် ဈေးကွက်စိစစ် ဆောင်ရွက်ခဲ့ပါသည်။

          ဤကဲ့သို့ ဈေးကွက်စိစစ်ဆောင်ရွက်ရခြင်းမှာ Mistine အလှကုန်ပစ္စည်းများကို FDA ၏ ထောက်ခံချက်၊ Hologram (ရောင်ပြန်) စတစ်ကာ နှင့် မြန်မာစာ Labelling ကပ်နှိပ်ထားခြင်းမရှိဘဲ ဈေးကွက်အတွင်း တရားမဝင်ဖြန့်ဖြူးရောင်းချနေကြောင်း သိရှိရသည့်အတွက်  Mistine အလှကုန် ပစ္စည်းများတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားခြင်း ရှိ/မရှိနှင့် FDA ၏ ထောက်ခံချက်များဖြင့် ဖြန့်ဖြူးရောင်းချနေခြင်း ဟုတ်/မဟုတ် စိစစ်ဆောင်ရွက်ရန် ညွှန်ကြားချက် အရ ဈေးကွက်စိစစ်ဆောင်ရွက်ရခြင်းဖြစ်ပြီး စစ်တွေမြို့နယ် ဈေးကွက်အတွင်း Mistine အလှကုန် ပစ္စည်းဖြစ်သည့် Bulgarian Yogurt  Whitening Lotion, Mistine Lotion(AHA UV) များအား မတွေ့ရှိရဘဲ White Spa Whitening Lotion တွင် FDA ထောက်ခံချက်၊ Hologram (ရောင်ပြန်)စတစ်ကာနှင့် မြန်မာစာ Labelling ကပ်နှိပ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိ ရပါကြောင်းသတင်းရရှိပါသည်။

DOCA(ရခိုင်)