Main menu

Talk Show ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

     ၂၀၂၅ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးအောင်သည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန၊ Community Centre ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

     အဆိုပါ ဆွေးနွေးပွဲ၌ ပထမဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုင်းရွှေအောင်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးအောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ (၄၁)အရ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များအား သိရှိစေရန်အတွက် လေ့လာစရာများ၊ စားသုံးသူ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်မည့်နေရာများနှင့် နည်းလမ်းများအကြောင်းအား ပြည်သူများသိရှိစေရန် ဆွေးနွေးခဲ့ကြပါသည်။

DOCA(ရှမ်း)