Main menu

စူပါစတားဘိလပ်မြေအရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေး

Powered by Drupal

     (၅.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးနိုင်လင်းသိန်း(ဒုတိယဉီးစီးမှူး) ဉီးဆောင်၍ မြို့နယ်စည်ပင်သာယာရေးမှ ဦးရဲဝင်းစိုး (ဒုတိယအုပ်ချုပ်ရေးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်လင်းအောင်ပါ(၃)ဉီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးသန်းလှိုင် (ဒုတိယဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး (ဒုတိယဉီးစီးမှူး)တို့ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေး ကြပ်မတ်ရေးအဖွဲ့သည် စူပါစတားဘိလပ် မြေအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁၁၀)၊ စပယ်လမ်း၊ (၁၅)ရပ်ကွက်နှင့် (၂၃) ရပ်ကွက် ၊လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ စူပါစတားဘိလပ်မြေအရောင်းဆိုင်၌ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေ၊ ဈေးနှုန်းနှင့်ဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့ရာ စူပါစတားဆိုင်သည် ဘုရင့်နောင်နှင့် စော်ဘွားကြီးကုန်းတို့မှ ဝယ်ယူရရှိကြောင်းသိရှိခဲ့ရပြီး မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့အနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)