(၅.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၀၀)အချိန်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဉီးစီးဌာနမှ ဉီးနိုင်လင်းသိန်း(ဒုတိယဉီးစီးမှူး) ဉီးဆောင်၍ မြို့နယ်စည်ပင်သာယာရေးမှ ဦးရဲဝင်းစိုး (ဒုတိယအုပ်ချုပ်ရေးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်လင်းအောင်ပါ(၃)ဉီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးသန်းလှိုင် (ဒုတိယဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး (ဒုတိယဉီးစီးမှူး)၊ တို့ပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးကြပ်မတ်ရေးအဖွဲ့သည် ရွှေလည်တိုင်နှင့် ရွှေမြန်မာ ဆန်အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်တွင်းဒေသထွက်ဆန်များအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့်ရောင်းချရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနက ၂၀၂၅ ခုနှစ်၊ ဇွန်လအတွက် ဆန်အမျိုးအစားအလိုက် သင့်တင့်မျှတသောဈေးကွက်၊ ဆန်ရည်ညွှန်းဈေးနှုန်းများကို သိရှိလိုက်နာဆောင်ရွက်ရန် ပြည်တွင်းဆန်ဈေးကွက်အတွင်း ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်၊ အရောင်းအဝယ်မှန်ကန်စွာ စနစ်တကျဖြန့်ဖြူး ရောင်းချရန်နှင့် ဆန်လက်ကျန်အခြေအနေ၊ ရောင်းချသည့်ဈေးနှုန်း၊ ဈေးကွက်အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)