Main menu

စားအုန်းဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

      (၅.၆.၂၀၂၅)ရက်နေ့ နံနက်(၈:၃0)အချိန်မှစ၍ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ စားအုန်းဆီ အရောင်းဆိုင်များသို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၏ ဉီးဆောင်မှုဖြင့် ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် ဉီးနိုင်လင်းသိန်း(ဒုတိယဉီးစီးမှူး)၊ မြို့နယ်စည်ပင်သာယာရေးမှ ဦးရဲဝင်းစိုး(ဒုတိယအုပ်ချုပ်ရေးမှူး)၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ကြပ်လင်းအောင်ပါ(၃)ဉီး၊ ပြည်တွင်းအခွန်ဦးစီးဌာနမှ ဦးသန်းလှိုင်(ဒုတိယဦးစီးမှူး)၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်လဲ့လဲ့စိုး (ဒုတိယဉီးစီးမှူး)တို့ ပူးပေါင်းပါဝင်လျက် အမှတ်(၂၃)ရပ်ကွက်ရှိ ဉီးမြမောင်နှင့် ဉီးနိုင်ဝင်းတို့၏ စားအုန်းဆီရောင်းချနေမှုအား စစ်ဆေးခဲ့ရာ အိမ်ထောင်စုတစ်စုလျှင် (၅၀)ကျပ်သားနှုန်းဖြင့် တစ်လလျှင်(၄)ကြိမ်ပေးပါကြောင်း၊ ဈေးနှုန်းမှာလည်း သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် (၂%)သာ ထပ်ဆောင်းရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)