Main menu

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်ရှိ ကျွန်းကုန်းကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောခြင်း

Powered by Drupal

  ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်(၆.၆.၂၀၂၅)ရက်နေ့ ၊နံနက်(၁၀:၃၀) ကျွန်းကုန်းကျေးရွာရှိအုပ်ချုပ်ရေးမျူးံရုံးခန်းတွင်  ကုန်မျိုးစုံ လုပ်ငန်းရှင်များအား ခေါ်ယူ၍ စားသုံးသူကာကွယ် ရေးအသိပညာပေးဟောပြောခြင်း ဆောင်ရွက်ခဲ့ပါသည်။

  ထိုသို့ဟောပြောဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတာဝန်ခံမှ ကုန်မျိုးစုံ လုပ်ငန်းရှင် များအား ကုန်ပစ္စည်းများရောင်းချနေမှုအပေါ် သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့်ရောင်းချရန်၊ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိစေရန်၊ အလေးချိန်ပြည့်ဝမှန်ကန်စွာ ရောင်းချကြရန်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြန့်ဖြူးရောင်းချကြရန် ရှင်းလင်းပြောကြားခဲ့ပြီး မိမိတို့ ဌာနအနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရှေ့ဆက်လုပ်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားလုပ်ငန်း၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ ထို့ဟောပြောတွေ့ဆုံပွဲသို့ ကုန်မျိုးစုံ လုပ်ငန်းရှင် (၈) ဦး တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(ဧရာဝတီ)