
စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၆.၂၀၂၅)ရက်နေ့၊ နေ့လည် (၁၃:၃၀) နာရီအချိန်တွင် ဇလွန်မြို့၊ အနော်ရထာလမ်း၊ လမ်းမတော်(မ)ရပ်ကွက်၊ မြို့မဈေးရှိ ဈေးတာဝန်ခံရုံး၌ ကုန်မျိုးစုံအရောင်းဆိုင်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြော ခြင်းကို ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဟောပြောရာတွင် မြို့နယ်တာဝန်ခံ ဦးသန့်ဇင်ဦးက ဈေးကွက်အတွင်း ရောင်းချနေသော ကုန်ပစ္စည်းများတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာ တစ်ခု သို့မဟုတ် တစ်ခုထက် ပို၍ တွဲလျက်ဖော်ပြထားမှုသော ကုန်စည်များ၊ ကုန်စည်အမှတ်တံဆိပ်၊ အသားတင် ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ကြိုတင် သတိပေးချက်များ ဖော်ပြထားသောကုန်စည်များ၊ သက်ဆိုင်ရာအစိုးရဌာနများက သတ်မှတ်ထားသော အချက် အလက်များ၊ ထောက်ခံချက်များပါရှိသော ကုန်စည်များကိုသာ ရောင်းချစေရေး၊ Online စနစ်ဖြင့်ရောင်းချနေသောအလှကုန်နှင့်လူသုံးကုန်၊ အဝတ်အထည်အရောင်းဆိုင်များအနေဖြင့်အွန်လိုင်း မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ပြီး၊ မှတ်ပုံတင်လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ အသိ ပညာပေးခြင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA (ဧရာဝတီ)