
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ထုတ်ကုန် များ လုံခြုံစိတ်ချရမှုရှိစေရေးနှင့် ဈေးကွက်အတွင်းရှိ ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှုရှိ/မရှိအား ဇွန်လ (၆)ရက်နေ့၊ နေ့လယ် (၁၂:၃၀)နာရီအချိန်တွင် ကွင်းဆင်း ၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးရာတွင် Orange Super Market သို့ သွားရောက်၍ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့်သော်လည်း ကောင်း၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ မဖြစ်မနေ ဖော်ပြရမည့်အချက်များ ပါဝင်မှုရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်း မရှိသည့် စားသုံးဆီအမျိုးမျိုးတို့အား ရောင်းချခြင်းမပြုလုပ်ကြရန် ဆိုင်တာဝန်ခံ မန်နေဂျာနှင့် ဝန်ထမ်းများ တွေ့ဆုံ၍ အသိပညာပေး ပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာမပါရှိသည့် ကုန်စည်များအား ရောင်းချခြင်း တွေ့ရှိပါက စားသုံးသူကာကွယ်ရေး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)