Main menu

မြန်အောင်မြို့နယ်စားသောက်ဆိုင်လုပ်ငန်းရှင်များအားစားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးသည်(၅.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၃၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ရုံးလမ်းရှိ အုပ်ချုပ်ရေးမှူးရုံး၌ စားသောက်ဆိုင် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။

   ထိုဆွေးနွေးပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံး သူအခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူ များ စိတ်ကျေနပ်မှုရှိစေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ တားမြစ်ချက်များအကြောင်းနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ လုပ်ငန်းရှင်များအနဖြင့် မိမိတို့ရောင်းချလျက်ရှိသော စားသောက်ဆိုင်အတွင်း သန့်ရှင်းသပ်ရပ်မှု၊ ပေးအပ်သည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများ လုံလောက်သည့် သတင်းအချက်အလက်များကို ပွင့်လင်းမြင်သာစွာ ဖော် ပြပေးခြင်း၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သည့်နေရာများတွင် သန့်ရှင်းမှု ရှိစေရေး အလေးထား ဆောင်ရွက်ပေးစေလိုကြောင်း၊ ဆက်လက်၍ စားသုံးသူများ ကျန်းမာရေးပြဿနာများမှ ကာကွယ်ရန် အန္တရာယ်ကင်းသော အစားအစာရရှိစေရေးအတွက် အဓိကဆောင်ရွက်ရမည့်အချက်များ၊ အစား အသောက် ပြင်ဆင်ချက်ပြုတ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အလေ့အကျင့်‌ကောင်းများ၊ အဖုံး ပါသော အမှိုက်ပုံးများ လုံလောက်စွာထားရှိရန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA (ဧရာဝတီ)