Main menu

မြိတ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ စားသုံးသူအသိပညာပေးဟောပြော

Powered by Drupal

         တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန မှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်း များသည် (၂၁.၇.၂၀၂၂)ရက်နေ့၊ နံနက်(၉း၃၀)အချိန်တွင် မြိတ်မြို့၊ မြစ်ငယ်ရပ်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသူ၊ ကျောင်းသားများ ဘေးအန္တရယ်ကင်းရှင်း စွာ‌ ရွေးချယ်ဝယ်ယူစား‌သောက်နိုင်ရေးအတွက် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြပါသည်။

       အဆိုပါဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ မျှော်မှန်းချက်၊ ရည်မှန်းချက်အပါအဝင် အစားအသောက်များရွေးချယ်ဝယ်ယူစားသောက်ရာတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ထောက်ခံချက်ရရှိထားသော စားသောက်ကုန်နှင့် မြန်မာဘာသာဖြင့်ဖော်ပြ ထားသော စားသောက်ကုန်များသာရွေးချယ်ဝယ်ယူရန်၊ စားသုံးသူထိခိုက်နစ်နာမှုရှိခဲ့ပါက စားသုံးသူ ရေးရာဦးစီးဌာနသို့တိုင်ကြားရန်၊ စားသောက်ကုန်များအား သက်တမ်းကုန်ဆုံးရက်ကြည့်ရန်၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံများကို ရေဖြင့်သေချာစွာ ဆေးကြောပြီးမှစားရန်၊ ပလပ်စတစ်အိတ်များအား အပူဖြင့်ထည့်၍ မစားသောက်ရန်နှင့် ဆိုးဆေးအန္တရာယ်များအား ဟောပြောပို့ချခဲ့ပြီး ကျောင်းသူ ကျောင်းသားများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရန် ကျောင်းပတ်ဝန်းကျင်ရှိ မုန့်စျေးတန်းအား ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)