Main menu

စားသုံးဆီအမျိုးမျိုး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ(၃)ဉီးတို့သည် (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၄၅)အချိန်တွင် လှိုင်သာယာမြို့နယ်၊ ပိတောက်မြိုင်ဈေးတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါဝင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လှိုင်သာယာမြို့နယ်၊ ပိတောက်မြိုင်ဈေးတာဝန်ခံ ဒေါ်မိမိချောမှ ပူးပေါင်းပါဝင်လျက် အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတွင် FDA ထောက်ခံချက်များလည်းပါရှိကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားပါကြောင်း စိစစ်တွေ့ရှိရ ပြီး စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ တားမြစ်ချက်များအကြောင်းကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)