Main menu

Hsu Online Shopping အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လုပ်ငန်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်ဖြူဖြူမြင့်ပါ (၂)ဉီးတို့သည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှုရှိ/မရှိနှင့် လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို (၆.၆.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် Hsu Online Shopping အလှကုန်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ လုပ်ငန်းအား မှတ်ပုံ တင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကို စစ်ဆေးခဲ့ပါသည်။

      ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၁)၊ စိန်ရွှေကုန်းမိုးကုတ်ကျောင်းလမ်း၊ စိန်ရွှေကုန်း ကျေးရွာ၊ ဘွတ်ကြီးအုပ်စု၊ မှော်ဘီမြို့နယ်သို့သွားရောက်၍ စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ အလှကုန်ပစ္စည်းနှင့် စားသောက်ကုန်ပစ္စည်းဖြစ်သည့်အတွက် စားသုံး သူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)