
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးသည် စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ အကျိုးစီးပွားကို ကာကွယ်ရန်ရည်ရွယ်၍ (၉.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ခရိုင်မီးသတ်ဦးစီးဌာန၌ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးအပါအဝင် ဝန်ထမ်း(၄၀)ဦးအား စားသုံးသူကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးက ဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာန၏ ဆောင်ပုဒ်ဖြစ်သော “စားသုံးသူအခွင့်အရေး ဦးစားပေး”ရန်မှာ အလွန်အရေးကြီးသောကြောင့် ယခုလို အသိပညာပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေးများကို သိရှိရယူနိုင်မှသာ ယခု ပစ္စုပ္ပန် သာမက နောင်အနာဂတ်တွင် ကောင်းမွန်သာယာသော ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင် မည် ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရယူအသုံးပြုရာတွင် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက မိမိတို့ဌာနသို့ လာရောက်တိုင်ကြားစေလိုကြောင်း၊ စားသုံးသူ၏တာဝန်များလည်းရှိ၍ လိုက်နာရန် လိုအပ်ကြောင်း၊ ယခုအချိန်တွင် Online မှ ကုန်စည်နှင့်ဝန်ဆောင်မှုများ ရယူအသုံးပြုရာ တွင် လိမ်လည်လှည့်စားမှုများ မကြာခဏ ဖြစ်ပေါ်နေ၍ သတိပြုသုံးစွဲရန်အချက်အလက်များနှင့် လုံခြုံ စိတ်ချရမှုရှိသော Page များတွင်သာ သေချာစွာ စိစစ်၍ အသုံးပြုစေလိုကြောင်း၊ ကုန်သွယ်ရေးဦးစီး ဌာနမှလည်း Online မှတ်ပုံတင်ခြင်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းအား Power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိ ရသည်။
DOCA(မကွေး)