
တောင်ငူခရိုင်စားသုံးသူရေးရာကော်မတီ အစည်းအဝေး (၁/၂၀၂၅)ကို မေလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ခရိုင်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စားသုံးသူရေးရာ ကော်မတီ ဥက္ကဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စိုးလွင်တက်ရောက်အဖွင့်အမှာစကား ပြောကြား ပါသည်။
အစည်းအဝေးတွင် ကော်မတီအတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးခြင်း၊ ခရိုင်ဦးစီးမှူးရုံး စာသုံးသူရေးရာဌာနခွဲတာဝန်ခံက ကော်မတီသို့တင်ပြသည့် အမှာစာ(၃)စောင်ကို ဖတ်ကြားခြင်း၊ တက်ရောက်လာသည့် ကော်မတီ အဖွဲ့ဝင်များက အထွေထွေဆွေးနွေးခြင်းများကို ဆောင်ရွက်ပြီး ဆုံးဖြတ်ချက်(၆)ခုကို ချမှတ်ခဲ့ပါသည်။
ကော်မတီဥက္ကဌ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ခရိုင်အဆင့်ဌာနဆိုင်ရာအစည်းအဝေး တွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူးက အချိန်တစ်ခုယူ၍ စားသုံးသူကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောရန်၊ စားသုံးသူတိုင်ကြားမှု အလေ့အကျင့်ရှိစေရေးအတွက် ဈေးအတွင်း ရောင်းသူနှင့်ဝယ်သူ အငြင်းပွားမှုဖြစ်ပွားပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်ရေး မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကူညီဆောင်ရွက်ပေးရန်တို့ကို အစည်းအဝေးဆုံးဖြတ်ချက်တွင် ထည့်သွင်း ဆုံးဖြတ် ကြောင်း သိရပါသည်။
DOCA(ပဲခူး)