
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်ခဲ့ကြသည့် အအောင်သံဃာတော်များအား အအောင်ဆုများ ဆက်ကပ် လှူဒါန်းပွဲကို ၁၀.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီက ဆုတောင်းပြည့်ဘုရားကြီးဝင်းရှိ ဒက္ခိဏရာမိကဗိမာန်တော်ကြီး၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားပြီး စာအောင်ဆုများကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက စာအောင်ဆုများကို ဆက်ကပ်ခဲ့ကြသည်။
ထို့နောက် ကျိုက်မရောမြို့နယ် သံဃာနာယက ဥက္ကဌ ဆရာတော် လက်ပန်ရွာသစ်ကျောင်းမှ ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ စာအောင်သံဃာတော်များအား စေတနာရှင်များက လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယနေ့စူဠဘွဲ့နှင်း သဘင်အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ YMBA အသင်းအဖွဲ့များ၊ မြို့မမြို့ဖများ၊ စေတနာရှင်အလှူရှင်များ စုစုပေါင်း (၁၅၀) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရသည်။
DOCA (မွန်)